သရက်၊ ၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဒီဇင်ဘာ ၇ ရက် နံနက် (၈) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသောလက်ဖက် ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ စားသုံးသူများကို အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရန်နေရာ များထားရှိခြင်း၊ လေဝင်လေထွက် ကောင်းမွန်စေခြင်း၊ လေအေးပေးစက် တပ်ဆင်ထားပါက တံခါး များဖွင့်ထားခြင်း၊ တစ်ဦးနှင့် တစ်ဦးကြားတွင် ကာရံပေးထားခြင်း၊ (၅) ဦးထက်မပိုသော မိသားစု ဖြစ်ပါက အတူစားသောက်နိုင်ရန် စီစဉ်ပေးခြင်း၊ ပိုးသတ်ထားသောပန်းကန်၊ ဇွန်းများစီစဉ်ထား ရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့်အသိပညာပေး ပိုစတာ၊ ဗီနိုင်းများ ကပ် ထားခြင်းများ စီစဉ်ထားရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သရက်မြို့ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြု ဘဲ (Take away) စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွား ရန်နှင့် လိုက်နာဆောင်ရွက် ပြီးစီးမှုများအား ထပ်မံစစ်ဆေး၍ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှု ရှိမှသာ ဖွင့်လှစ်ရောင်းချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)


