သရက် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီ ၂ ရက်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ၊ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ လျော့ကျနေခြင်း၊ ပြတ်ကျခြင်းများဖြစ်ပါက ကိုင်တွယ်ခြင်းမပြုရ၊ လျှပ်စစ်ရုံးသို့ အကြောင်းကြားပေးရန်နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ရေစိုလက်၊ ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုအဝတ်အစား ဝတ်လျက်ကိုင်တွယ်ခြင်းမပြုရန်နှင့် သမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရန်တို့ပါရှိသော လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သရက်(ပြန်/ဆက်)


