သရက် ဇွန် ၁၄

 

မကွေးတိုင်းဒေသကြီး၊  သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စမ်းအိုင့်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ချေးပေးအပ်ခြင်းကို ဇွန် ၁၃ ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူများက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ အုတ်ဖိုကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ကိုင်သည့် အသင်းသူ/အသင်းသား ၈၄ ဦးအား စီမံကိန်းရန်ပုံငွေ ကျပ် ၅၅ ဒသမ ၆၂၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း ပြောကြားသည်။

 

အဆိုပါထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၈၄ ဦးအား ငွေကျပ် ၅၅ ဒသမ ၆၂၅ သန်းကို ကျေးရွာမြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုလှိုင်