သရက် နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပေါ်ရှိ သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို (၄၃)ကြိမ်မြောက် လောင်းလှူပွဲအဖြစ် နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုန်းတာ်ကြီးကျာင်း၌ ကျင်းပခဲ့သည်။ အဆိုပါလောင်းလှူပွဲတွင် ဆင်ဖြူတာ်ကျောင်းတိုက် ဆရာတော်ဦးဆောင်၍ ရပ်ကွက် အသီးသီးမှ အလှူရှင် စေတနာရှင်များက လစဉ် လပြည့်နေ့တိုင်း လောင်းလှူလျက်ရှိပြီး ယခု(၄၃)ကြိမ်တွင် သီလရှင် ၆၂ ပါးအား ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဆေး၊ ဝတ္တုငွေနှင့် ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)


