၂၀ ဇွန်

 

ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ) စီစဉ်သည့် သရဏဂုံစွဲမြဲထုံသော်စာအုပ်ထွက်ရှိလာသည်။

 

သရဏဂုံသုံးပါးဖြင့် ရှင်သာမဏေဖြစ်ရသလို ရဟန်းပဉ္ဇင်းလည်း ဖြစ်နိုင်၏။ သာသနာအစ သရဏဂုံကဟူ၍လည်းကောင်း၊ ဗုဒ္ဓဘာသာအစ သရဏဂုံဟူ၍လည်းကောင်း ဆိုရအောင် အခြား ဘာသာဝင်ပုဂ္ဂိုလ်များ ဗုဒ္ဓဘာသာသို့ ပြောင်းရွှေ့ဝင်ရောက်ရာ၌ သရဏဂုံသုံးပါးကိုပင် ရွတ်ဆိုရ၏။

 

333

 

သဝေမပါကိုးဂါထာဟု ဆိုသလို ဗုဒ္ဓ၊ ဓမ္မ၊ သံဃအားဖြင့် အနုဿတိဘာဝနာလည်းဖြစ်သည်။ ဤသို့ဖြင့် သရဏဂုံဆောက်တည်ပုံနည်းမျိုးစုံ၊ သရဏဂုံ ပျက်-မပျက်များနှင့် သရဏဂုံအစွမ်း အံ့မခန်းဖွယ် အကျိုးခံစားရရှိမှုများကို ဖော်ပြထားသဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ လေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်