ဒီနှစ်မှာ ကျွန်တော်ပါဝင်တဲ့ ဇာတ်ကား လေးကားလောက်တော့ ရှိပါတယ်၊ ဒီနှစ်အတွက် အကယ်ဒမီရင်ခုန်သံက ပရိသတ်မျှော်လင့်ခွင့်ရတဲ့ သရုပ်ဆောင်မှုတွေနဲ့ နှစ်စဉ်နှစ်တိုင်း ပရိသတ် မျှော်လင့်နိုင်အောင် ကြိုးစားခွင့်ကိုပဲ ပိုလိုချင်တယ်၊ အကယ်ဒမီရခြင်း၊ မရခြင်းက အကယ်ဒမီပေးတဲ့ အချိန်ရောက်မှ သိရမှာပါ၊ အဲဒါကြောင့် ကြိုတင်ရင်ခုန်နေတာမျိုးတော့ မရှိပါဘူး၊ ဒါပေမဲ့ ပရိသတ်အားလုံးရဲ့ ဆန္ဒပြည့်ဝပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
ခင်ဇာလီ