နေပြည်တော်  အောက်တိုဘာ  ၇

 

ပြည်နယ်အတွင်းရှိ   သထုံမြို့နယ် မုဒုံမြို့နယ်နှင့်  ရေးမြို့နယ်တို့တွင် လူငယ်      သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု   သက်မွေး ပညာ  သင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး အမျိုးသမီးများအတွက် အဆင့်မြင့် အိမ်တွင်းမှု  စက်ချုပ် သင်တန်းများအပြင်         သိုးမွေး စက်ဆွဲသင်တန်း၊ကနုကမာ ကျောက်စီသင်တန်း၊       ပန်းချီ သင်တန်း၊  အခြေခံ လက်ရက်ကန်း သင်တန်း၊       ဟင်းလျာချက်ပြုတ် နည်းသင်တန်းများကို   ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ   ယနေ့ အထိ        သင်တန်းကျောင်းမှ သင်တန်းသူ ၂၃၉၂ ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း   မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းက ပြောကြားသည်။

 

မုဒုံမြို့နယ် ကွမ်တာကျေးရွာ အမျိုးသမီးအိမ်တွင်းမှု   သက်မွေး ပညာ သင်တန်းကျောင်း၌ ပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း  အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ  အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍          ပြည်နယ် ဝန်ကြီးချုပ်က  ပြည်နယ်အတွင်းရှိ ပြည်သူအားလုံး  လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး  ကဏ္ဍစုံ၊  ဘက်ပေါင်းစုံ ဖွံ့ဖြိုး       တိုးတက်စေရေးကိုလည်း အထူးအလေးထား     ဆောင်ရွက် ပေးလျက်ရှိကြောင်း    ပြောကြား သည်။

 

ထို့နောက်    ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် သင်တန်းတွင်    ထူးချွန်ဆုရရှိကြသူများကို ဆုများချီးမြှင့်ကြပြီး သင်တန်းသူများ   ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ သက်​​မွေးပညာပစ္စည်းများကို   အားပေး ကြည့်ရှုကြသည်။

 

မုဒုံမြို့နယ်    အမျိုးသမီး အိမ်တွင်းမှု    သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို  ၂၀ဝ၅ ခုနှစ်   မေ ၁၆ ရက်က   စတင် ဖွစ်လှစ်ခဲ့ပြီး  အခြေခံအိမ်တွင်းမှု သင်တန်း      တက်ရောက်ပြီးသူ ၁၆၈၂ ဦး၊    အဆင့်မြင့်စက်ချုပ် သင်တန်း     တက်ရောက်ပြီးသူ ၄၄၆ ဦး၊    ကြိမ်/ဝါးသင်တန်း တက်ရောက်ပြီးသူ        ၃၇   ဦး၊ ဟင်းလျာသင်တန်း တက်ရောက် ပြီးသူ ကိုးဦး၊  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း  တက်ရောက် ပြီးသူ  ၁၄၄ ဦးနှင့် မွန်ရိုးရာ လက်ရက်ကန်းသင်တန်း  တက် ရောက်ပြီးသူ ၇၄ ဦး    စုစုပေါင်း သင်တန်းသူ ၂၃၉၂ ဦး   သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်