သထုံ မေ ၁၄
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်တွင် အလှူရှင်များက စတုဒီသာ စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ညောင်ရေသွန်းပွဲတော်ကို စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ရာ ပြည်သူများအေးချမ်းစွာ ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ညောင်ရေသွန်းကုသိုလ်လာရောက် ပြုကြသူများအား စေတီတော်ရင်ပြင် စောင်းတန်းအတွင်းနှင့် မြောက်ဖက်မုခ်အနီးတို့၌ အလှူရှင်များက မုန့်ဟင်းခါး၊ အကြော်စုံ၊ ထမင်းဟင်း၊ အချိုရည် စသည့် စားသောက်ဖွယ်ရာများကို စတုဒီသာကျွေးမွေး လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)