သထုံ ဇွန် ၂၀
မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးများ မွေးမြူရေး သင်တန်းအား ငါးလုပ်ငန်းစခန်း သင်တန်းကျောင်း(သထုံ)တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ယနေ့ နံနက်ပိုင်းက ကျင်းပသည် ။
အဆိုပါသင်တန်းသို့ ဌာနတွင်း အလုပ်သင် နေ့စားဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ သင်တန်းသား၊ သင်တန်းသူ ၂ဝ အား ဇွန် ၂၀ရက်မှ ၂၂ရက်နေ့အထိ သင်ကြား ပို့ချပေးမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ငါးလုပ်ငန်းနှင့်သက်ဆိုင်သည့် ကဏ္ဍပေါင်းစုံမှ ပညာရပ်များအား သင်တန်း ၆ ကြိမ် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၁၅ သိန်းကို မျိုးစိုက်ထည့်ရန် လျာထားခဲ့ပြီး ယခုအချိန်အထိ ငါးသားပေါက်ကောင်ရေ ၅ သိန်း ငါးမျိုးစိုက်ထည့်ပြီးစီးခဲ့ကြောင်း သိရသည် ။
ခွန်(ဝင်းပ)