သထုံမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြော 

နေပြည်တော် မတ်  ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ သထုံရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးခြင်း၊ ဥပဒေရေးရာ အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးခြင်းကို  သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်ကလည်းကောင်း၊ ဥပဒေရေးရာ အသိပညာ ပေးခြင်းကို ဒုတိယမြို့နယ်ဥပဒေအရာရှိ ဉီးအောင်ပိုင်ဖြိုး ကလည်းကောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်းကို မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးတင်ကိုကို ကလည်းကောင်း ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သထုံခရိုင် ဦးစီးမှူးရုံးနှင့် လူငယ်သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်