သထုံ ဧပြီ ၈

 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ပူပြင်းခြောက်သွေ့၍ နေ့အပူချိန်များ မြင့်မားနေသည့်ကာလ၌ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ် သတိပြုကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့ သုဝဏ္ဏဈေးရှေ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်၌ ပူးပေါင်းဆောင်ရွက်ကြသည်။

 

လက်ကမ်း စာစောင်များ ဖြန့်ဝေအသိပညာပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၏ ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်၌ ခရီးသွားလာနေကြသည့် ပြည်သူများအား အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

 

သထုံမြို့နယ်အတွင်း နေ့အပူချိန်များ မြင့်မားနေသည့်ကာလတွင် အပူဒဏ်အန္တရာယ် ထိခိုက်ခံစားရသည့် လူနာအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ကုသနိုင်ရေးအတွက် သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ စနစ်တကျပြင်ဆင်ထားရှိကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)