သထုံမြို့ ၁၀ ဖေဖော်ဝါရီ
မွန်ပြည်နယ် သထုံမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲသို့ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ခွဲခြား၍ ကျောင်းသား၊ ကျောင်းသူ ၃၀ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲဝင်ချိန် ၁ နာရီခွဲအချိန် သတ်မှတ်ပေး၍ ပြိုင်ပွဲဝင်ရာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ကြည့်ရှုစစ်ဆေးကြသည်။
ဆုရရှိသူများကို ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ခွန်(ဝင်းပ)