သထုံမြို့၌ ခမောက်ထုတ်လုပ်ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေ

သထုံ ၂၀ မေ

 

မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက်တွင် ဒေသထွက်ကုန်တစ်မျိုးဖြစ်သော ခမောက်ထုတ်လုပ်ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ရာသီဥတုသုံးပါးရှိသည့်အနက် မိုးရာသီတွင် ခမောက်များ ဝယ်ယူသုံးစွဲသူ ပိုမိုများပြားပြီး ခမောက်ချုပ်ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော ဝါးပိုးဝါးနှင့် ဝါးပိုးဖက်များအား မြို့အတွင်း၌သာ ဝယ်ယူရလွယ်ကူပြီး ဝါးပိုးဝါးတစ်လုံးလျှင် ငွေကျပ် ၃၀၀၀၊ ဝါးပိုးဖက် အရွက်တစ်ရာလျှင် ငွေကျပ် ၂၂၀၀၀ ဖြင့် ဝယ်ယူရပြီး ခမောက်များအား အမျိုးအစားလေးမျိုး ခွဲခြားထုတ်လုပ်ရောင်းချကြောင်း သိရသည်။

 

ခမောက်အသေးတစ်ချပ်လျှင် ပျမ်းမျှ ၄၅၀ ကျပ်၊ ခမောက်ဇကတစ်ချပ်လျှင် ပျမ်းမျှ ၉၀၀ ကျပ်၊ ခမောက်အလတ်တစ်ချပ်လျှင် ငွေကျပ် ၁၁၀၀ ကျပ်၊ ခမောက်အကြီးတစ်ချပ်လျှင် ပျမ်းမျှ ၁၂၀၀ ကျပ်အထိ ရောင်းချရပြီး ခမောက်များအား နိုဝင်ဘာလမှစတင်ကာ ဇွန်လကုန်သည်ထိ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ထုပ်လုပ်ရောင်းချသော ခမောက်တွေကို မော်လမြိုင်၊ ဘားအံ၊ သာမည၊ ကော့ကရိတ်၊ မြဝတီမြို့များမှ လာရောက် ဝယ်ယူကြပါတယ်ဟု ခမောက်ထုတ်လုပ်ရောင်းချသူ ဦးထွန်းစိုးက ပြောသည်။

 

သထုံမြို့ လိပ်အင်းရပ်ကွက်မှ ထုတ်လုပ်ရောင်းချသော ခမောက်များသည် အလွန်ခိုင်ခန့်၍ ဝယ်ယူသုံးစွဲသူများခြင်းကြောင့် ထုတ်လုပ်သူရောင်းချသူ မိသားစုဝင်ငွေ အဆင်ပြေကြောင်း သိရသည်။

 

သတင်း- နန္ဒကျော်စွာ၊ ဓါတ်ပုံ- သမိန်ဗြတ်စ