mdn

သထုံ   အောက်တိုဘာ   ၇

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သထုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သထုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မေ ၃ ရက်မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်လျက်ရှိပြီး သထုံမြို့နယ်အတွင်း ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၂၁ အုပ်စုမှ လူဦးရေ ၂၄၀၀ အား ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)