သထုံ၊ ၂၅ ဒီဇင်ဘာ

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးအရှေ့ဘက်ခြမ်း မြေနီကုန်းကျေးရွာ  (..က)အနောက်ဘက်ရှိ ရော်ဘာသိုလှောင်ရုံတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီ ခန့်က  ()နာရီကျော်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သထုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ မြေနီကုန်း(..က)အနောက်ဘက်ရှိ ရော်ဘာသိုလှောင်ရုံ တွင်  ဦးနိုင်စိုး (၃၇)နှစ် လိပ်အင်းရပ်ကွက်နေထိုင်သူမှ ရော်ဘာပြား မှိုင်းခံထားရာမှ အပူလွန်ကဲပြီး ရော်ဘာပြားများဆီသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၆ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးပြီး နံနက် ၇ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ရော်ဘာမှိုင်းခံရုံ တစ်ရုံ၊ လူနေတဲ သုံးလုံး၊ ရော်ဘာပြား ပေါင် ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

နန္ဒကျော်စွာ