သထုံ   ၂၈   ဧပြီ  

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် ရန်ကုန်‌မြို့နေ  ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုး မိသားစုတို့က အသက်ရှူ အထောက်အကူပြုကိရိယာ  (Ventilator) တစ်စုံကို ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက  သထုံမြို့၊ အောက်ကျင်းရက်ကွက်ရှိ ဗူးဘုရား‌စေတီတော်ဓမ္မာရုံ၌  ပေးအပ်လှူဒါန်းသည်။

 

လှူဒါန်းရာတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသူရိယက ဩဝါဒစကား မြွက်ကြားပြီး အလှူရှင်ဖြစ်သူ  ဒေါက်တာတင်ထွန်းဦးက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။

 

ယင်နောက် အလှူရှင်မိသားစုတို့က ငွေကျပ် ၁၈၈ သိန်း ၅ သောင်းတန်ဖိုးရှိ အသက်ရှူစက် တစ်စုံအား ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။

MDN