သထုံမြို့နယ်အတွင်း ရပ်ရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မူစင်တာ ၁၅ ခု ရှိပြီး သုဝဏ္ဏဝတီမြို့၌ နေရပ်ပြန်ပြည်သူများအား စောင့်ကြည့်ရန် စင်တာနှစ်ခု ဖွင့်လှစ်စောင့်ကြည့် 

သုဝဏ္ဏဝတီ  ၂   ဧပြီ 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၌ မတ် ၃၀ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ မကူးစက်၊မပြန့်ပွားစေရန်၊ထိမ်းချုပ်နိူင်ရန်  ရည်ရွယ်၍ နိူင်ငံခြားမှ အလုပ် လုပ်ကိုင်ပြန်လာသူများအား သက်ဆိုင်ရာမှ စာရင်းကောက်ယူ၍ မတ် ၂၂ ရက် နောက်ပိုင်း နေရပ်ပြန်သူများအား Facility Quarantine ရပ်ရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မူ စင်တာနှစ်ခုဖွင့်လှစ်၍ ၁၄ ရက်ကြာ စောင့်ကြည့်နေကြောင်း သိရသည်။

သက်ဆိုင်ရာမှ စောင့်ကြည့်စစ်ဆေးမူကို လာရောက်သည့်ပြည်သူများအား စနစ်တကျ လက်ခံ၍ လိုအပ်သော ထောက်ပံ့ပေးမူများ၊ ကျန်းမာရေးစောင့်ရှောက်မူများကို ဆောင်ရွက်ပေးနေကြောင်း၊ သိမ်ဆိပ်ရပ်ကွက်အပါအဝင် တံတားဦး၊ မိုးကောင်း၊ ချောင်းစောင့်၊ ဒုံဝန်းကျေးရွာအုပ်စုများမှ နေရပ်ပြန်များအား သိမ်ဆိပ်(အထက)ကျောင်းတွင် ၁၅၀ ဦး၊ ကျိုက္ကော်၊ တောင်ကြားရပ်ကွက်အပါအဝင် နောင်ဘို၊ ဝင်းပကျေးရွာအုပ်စုများမှ နေရပ်ပြန်များအား ကျိုက္ကော်(အထက)ကျောင်းတွင်     ၇၀ ဦး၊ စုစုပေါင်း ၂၂ဝ ဦး ရှိကြောင်းသိရသည်။ စောင့်ကြည့်ခံပြည်သူများကလည်း စည်းကမ်း ထုတ်ပြန်ချက်များကို လိုက်နာကြရန်နှင့် ၎င်းတို့အား လိုအပ်သော သောက်သုံးရေများ၊ အစားအသောက်များကို ထောက်ပံ့ကူညီရန်အတွက် လှူဒါန်းပေးသော အလှူရှင်များနှင့် လုပ်အားပေးများ ၊ပရဟိတ လူမူရေးအသင်းအဖွဲ့များ ပါဝင်ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆို ဂုဏ်ပြုပါကြောင်း သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း က ဆိုသည်။ 

 

‌ေ

 

ယနေ့အထိ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မကူးစက် မပြန့်ပွားစေရေး ထိမ်းချုပ်ကာကွယ်ရန်အတွက် နေရပ်ပြန်ပြည်သူများအား စောင့်ကြည့်စင်တာ စုစုပေါင်း ၁၅ ခု ဖွင့်လှစ် ဆောင်ရွက်ရာ စုစုပေါင်း  ကျား၊ မ စုစုပေါင်း ၈၀ဝ ခန့် ရှိကြောင်း ၊ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါကြောင်း ၊ သက်ဆိုင်ရာမှ ထုတ်ပြန်ချက်များအရ သိရသည့်အပြင် အဆိုပါစင်တာများတွင် ကျန်းမာရေးဆေးစစ်မှုများကို ကျန်းမာရေးဝန်ထမ်းများက တစ်နေ့ နှစ်ကြိမ်ဆောင်ရွက်ပေးနေပြီး၊  ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို လှူဒါန်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ခွန်(ဝင်းပ)