သုဝဏ္ဏဝတီ ၄  ဒီဇင်ဘာ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးပတ်ဝန်းကျင်‌ကျေးရွာများနှင့် ပင်လယ်နားနီး အောက်ကွင်း ကျေးရွာအုပ်စုများတွင် ယခုနှစ် စပါးပေါ်ချိန်တွင် စပါးအထွက်နှုန်း ကောင်းမွန်မှု မရှိသော်လည်း စပါးဟောင်းထက် စပါးသစ်ကို ဈေးနှုန်း ပိုပေး၍ ဝယ်ယူ‌နေရကြောင်း စပါးဝယ်ယူ ကြိတ်ခွဲနေသူများထံမှ သိရသည် ။

 

၀၁

 

 “ဒီနှစ် စပါးထွက်ရှိမှု အခြေအနေက တစ်နယ်လုံးအတိုင်းအတာအရ ၂၀ ရာခိုင်နှုန်းလောက် ပျက်စီးပါတယ်၊ စပါးပေါ်ချိန်မှာ ရေပြတ်သွားလို့ အနှံမအောင်၊ အဖျင်းများ၊ အလေအလွင့် များတဲ့အတွက် အထွက်နည်းတာပါ၊ လယ်သမားတွေအတွက် အခက်အခဲဖြစ်ရတယ်၊ တစ်ဧက အတွက် စက်ငှားခ၊ လူလုပ်အား၊ကုန်ကျစားရိတ်နဲ့ ပြန်ရရှိတဲ့စားရိတ် မကာမိဘူးဟု လယ်သမားကြီး တစ်ဦးဖြစ်သူ ဦးမင်းတင်နွယ်က ပြောသည်။

 

စပါးဈေးနှုန်းကျတယ်၊ စပါးအမျိုးအစားအလိုက် သူ့ဈေးနဲ့ သူပါပဲ၊ စပါးဟောင်းနဲ့အသစ် မှာ အသစ်ကိုပဲ ပေါက်ဈေးထက် ပိုပြီးဝယ်ရတယ်၊ စပါးဟောင်းက ကျိုးလွယ်၊​ကြေလွယ်တယ်၊ အနံ့ မကောင်းတဲ့အပြင် ဆန်ဝါဖောက်တဲ့အတွက် ဝယ်ပြီးကြိတ်ခွဲရတာ အဆင်မပြေလို့ ပေါက်ဈေး ထက် ဈေးကျပါ တယ် ၊ စပါးသစ်ကိုပဲ ဦးစားပေး ဝယ်နေရတယ် ” ဟု သုဝဏ္ဏဝတီမြို့မှ ဒေသတွင်း စပါးလိုက်လံ ဝယ်ယူ ကြိတ်ခွဲရောင်းချသူတစ်ဦးက ပြောသည်။

 

၀၉

 

ဆန်ဈေးကျတော့ စားသုံးသူအတွက်တော့ ကောင်းပါတယ်၊ ခု စပါးဟောင်းတစ်အိတ်ကို နှစ်သောင်းခွဲကျပ် နဲ့ ၂ အိတ် ဝယ်ထားတယ် ဟု ဝင်းပကျေးရွာသူ အိမ်ရှင်မတစ်ဦးက ပြောသည်။

 

သထုံမြို့နယ် နောင်ကုလားကျေးရွာ၌ နိုဝင်ဘာ ၃၀ ရက်နေ့က မွန်ပြည်နယ် ပအိုဝ်း တိုင်းရင်းသား ရေးရာဝန်ကြီးဒေါ်နန်းစံဝင့်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲတွင် တောင်သူလယ်သမားများက စပါးပေါ်ချိန် ရေပြတ်မှုအခက်အခဲများ၊ အမတော်ကြေးငွေ ပေးသွင်းရန်ကိစ္စရပ်များကို တင်ပြ ကြသည် ။

 

၀၀၀

 

သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းရာ မူဝါဒအရ ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်သည့်အတွက် ဖြေလျှော့ပေးရန် တင်ပြပေးမည်ဖြစ်ကြောင်းနှင့် ရေပြတ်မူ မရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဖြေကြားခဲ့‌ကြောင်း သိရသည် ။

 

၈၈၈

 

 သုဝဏ္ဏဝတီမြို့တွင် ယခု လက်ရှိ စပါးပေါက်ဈေးမှာ သက်ငယ်စပါး တင်းတစ်ရာ ‌၄၈၅၀ဝ၀ ကျပ်၊ သက်ကြီးစပါးမှာ ငွေကျပ် ၆၅၅၀ဝ၀ မှ ၇၀ဝ၀ဝ၀ အထိ ရှိကြောင်း သိရပြီး စပါးအရောင်းအဝယ် အေးနေကြောင်း စပါးဝယ်ယူသူများထံမှ သိရှိရသည် ။

 

ခွန်(ဝင်းပ)