သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ positive လူနာသုံးဦး ပြန်လည်တွေ့ရှိ

သုဝဏ္ဏဝတီမြို့        စက်တင်ဘာ         ၈

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ရှာဖွေတွေ့ရှိသဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ပြီး ‌မိသားစုဝင်များနှင့် နီးစပ်သူများအား RDT TEST ဖြင့် စစ်ဆေးရာ နောက်ထပ် ကူးစက်သူ နှစ်ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး  မိုးကောင်းကျေးရွာအုပ်စု၊ ပုတိမ်ရိုးကျေးရွာနေ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသဖြင့် သထုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသရာမှ စက်တင်ဘာ ၇ ရက်က ကိုဗစ်-၁၉ ရောဂါကို ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက မိသားစုနှင့် နီးစပ်သူ၊ ဆက်စပ်နေသူများအား RDT TEST ဖြင့် စစ်ဆေးရာ ကူးစက်သူ နှစ်ဦးကို ထပ်မံတွေ့ရှိရသဖြင့် သထုံဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။ ထပ်မံတွေ့ရှိသူ ကလေးတစ်ဦးမှာ ပုတိမ်ရိုး/ဖော်ဖ(အထက) K.G တန်းမှဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူ များနှင့် ဆရာမအပါအဝင် ဆက်စပ်နေသူ ၂၁ ဦးအား စစ်ဆေးရာ ရောဂါလက္ခဏာ မတွေ့ရှိရကြောင်း သိရသည်။

 

ခွန်(ဝင်းပ)