သထုံ  ၁၆  ဇွန်

 

မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ဇရပ်ကျွန်းကျေးရွာ၌ ကွမ်းရွက်ဈေးနှုန်းများ အနည်းငယ် တိုးတက်လာသော်လည်း ကွမ်းရွက်ဈေးကွက်နှင့် ကွမ်းစားသုံးမူ ရှိနေဆဲဖြစ်သောကြောင့် မိသားစု စားဝတ်နေရေးအတွက်  ကွမ်းရွက်ပင်များကို ဆက်လက် တိုးချဲ့ စိုက်ပျိုးကြကြောင်း သိရသည်။

 

mdn

 

 “ အခု ကွမ်းသစ် စိုက်ပျိုးမှာပါ၊ ၃ ပေခြား ပတ်လည် တိုင်ထောင် စိုက်မှာပါ ၊ အရင်စိုက်ထားပြီးသားက တိုင် (အပင်) ၃၀ဝ၀  ၊အခု တိုင်၃၅၀ဝ နဲ့ဆို တိုင် ၆၅၀ဝ ပေါ့၊ ခု ဈေးနှုန်းက ကွမ်းရွက်တစ်ပိဿာ (ဖေါက်သည်ဈေး) ကျပ် ၂၀ဝ၀  ရှိပါတယ်၊ ဝယ်တဲ့သူက မြဝတီမြို့ဘက်ကို သွားရောင်းလို့ရတော့ အိမ် အရောက် လာဝယ်ကြပါတယ်၊ ကွမ်းစိုက်ပျိုးခြင်းက ကွမ်းမျိုးကို တစ်ခါ ဝယ်ယူစိုက်ပျိုးပြီး အောင်မြင်ရင် အဲ့ဒီအပင်ကပဲ ကွမ်းမျိုး ချိုးယူ ထပ်စိုက်ပျိုးလို့ ရတယ် ၊ ကွမ်းရွက်ပင် မသေရင် အဆင်ပြေတဲ့ အတွက်  လူငှား မငှားဘဲ ကိုယ့်လုပ်အားနဲ့ လုပ်တယ် ၊ စိုက်ခင်းအသစ်ရော အဟောင်း ရော ကွမ်းရွက် ခူး ရောင်း ရတဲ့အတွက် မိသားစုတစ်စုလုံး စားဝတ်နေရေးအတွက် ကွမ်းတစ်မျိုးပဲ စိုက်ပျိုးပါတယ် ”ဟု ကွမ်းရွက်ပင် စိုက်ပျိုးသူ ဇရပ်ကျွန်းကျေးရွာနေ ဒေါ်ထားနွယ်က ပြောသည် ။

 

သထုံမြို့နယ်အတွင်း စီးပွားဖြစ် ကွမ်းစိုက်ပျိုးသူ အများအပြား ရှိသော်လည်း ယခုအခါ လျော့နည်း လာသည်ဟု သိရှိရပြီး ကွမ်းစိုက်ပျိုးမူမှာ မိုးရာသီတွင် မိုးများလျှင် ရွက်ပုတ်(ဆစ်ပိုး)ကျ၍ ပျက်စီးမူများ၊ နွေရာသီတွင် ရေပြတ်၍ ကွမ်းရွက်ပင်များ သေဆုံးမူများ ရှိသောကြောင့် ငွေကြေး ဆုံးရှုံးမူများ ရှိခဲ့သည်။  ယခုနှစ်တွင် ရာသီဥတုကောင်းမွန်လျှင် ကွမ်းခင်းများ အောင်မြင်နိူင်သည့်အတွက် ကွမ်းစိုက် တောင်သူများ ထပ်မံ၍ စိုက်ပျိုးနေကြကြောင်း သိရသည်။

 

ခွန်(ဝင်းပ)