သထုံ ဧပြီ ၂၃
မွန်ပြည်နယ် သထုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကာလအတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု အရေအတွက် များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကတိုက်ကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ဦးစွာ သထုံမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွန်း က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသံစဉ်မှူးက ရိုးပြတ်များ မီးရှို့ခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
ယင်းနောက် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး video clip ကိုပြသပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


