သထုံ ၁၃ ဇန်နဝါရီ
ကျွဲကောသီးဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ လင်းရောင်နီဦး စာကြည့်တိုက်၌ ပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က အမှာစကား ပြောကြားပြီး သထုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်က သင်တန်းဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ် အသေးစားစက်မှု လုပ်ငန်းဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝါက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ကြပြီး ကျွဲကောသီးအရည်ဝိုင်၊ ကျွဲကော အခွံယို၊ ကျွဲကောသီး အရည်အနှစ်ယို၊ ကျွဲကောအခွံအချိုခြောက်၊ အစပ်ခြောက် စသည့် ကျွဲကောသီးမှ ထုတ်လုပ်သည့် တန်ဖိုးမြင့် စားသောက်ကုန်ပြုလုပ်နည်းတို့ကို ပြည်နယ် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ လေးရက်ကြာ အခမဲ့ လက်တွေ့ပြသ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)