သထုံ၌ ထင်းမီးဖို မီးကြွင်း/မီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံး

သထုံ ၁   ဖေဖော်ဝါရီ 


ဇန်နဝါရီ ၃၁ ရက် ည ၁၀ နာရီ အချိန်ခန့်က မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ အောက်ပိုင်းနေ ဦးညွန့်ဝင်း(၃၅ နှစ်) ၏ နေအိမ်၌ ညနေ ထမင်း၊ ဟင်း ချက်ပြုတ်ပြီး မီးဖိုရှိ မီးကြွင်း၊ မီးကျန်မှတစ်ဆင့် မီးဖိုဘေး ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။


တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ သထုံခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြင်ထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ရာ ည ၁၀ နာရီခွဲတွင် မီးငြိမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ဝါးထရံကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး၍ လူထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။


ခွန်(ဝင်းပ)