နေပြည်တော် အောက်တိုဘာ ၂၈

    
မွန်ပြည်နယ် ၊ ငါးလုပ်ငန်းဦးစီးဌာန က တာဝန်ယူကျင်းပသည့်  ငါးဆေးထိုး          သားဖေါက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းကို အေက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီ က သထုံ ငါးလုပ်ငန်းစခန်း သင်တန်းကျောင်း   ၌ ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန  ဒုတိယပြည်နယ်ဦးစီးမှူး နှင့် ခရိုင်ဦးစီးမှူးများ၊ စခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် တွင် ပထမအကြိမ် ကျင်းပပေးခြင်းဖြစ်သည့် အဆိုပါ သင်တန်းသို့ သထုံ ၊ မော်လမြိုင်၊ ပေါင်၊ ဘီလင်း နှင့် ကျိုက်ထိုမြို့နယ်များ မှ ငါးမွေးတောင်သူ သင်တန်းသား (၂၅)ဦးတက်ရောက်လျက်ရှိကြောင်း၊ အေက်တိုဘာ( ၂၇ )ရက်မှ (၂၉)ရက်ထိ  သင်တန်းကာလ (၃)ရက် အတွင်း  စာတွေ့ ၊ လက်တွေ့ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ငါးမွေးမြူရေးဆိုင်ရာ အသိပညာများ တိုးတက်လာစေရန် ယခုကဲ့သို့ အခြေခံ ငါးဆေးထိုးသားဖေါက်ခြင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် ၊ ရေလုပ်ငန်း ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာပြီး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ သားငါးများ မွေးမြူထုတ်လုပ်နိုင်ရန် အတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)