၄ ဇန်နဝါရီ
ပြည်သူအများ ယခုအချိန်မှာ အသိချင်ဆုံးကိစ္စကတော့ COVID ကာကွယ်ဆေး ထိုးပေးမယ့်အစီအစဉ် ဘယ်တော့စတင်နိုင်မလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ပထမဆုံး ကာကွယ်ဆေးတစ်သုတ် အိန္ဒိယနိုင်ငံမှ ရရှိရေးအတွက် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ ကာကွယ်ဆေးသုံးစွဲခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာပြည်တွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး စတင်ထိုးပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် တစ်လျှောက် ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း၊ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆရပါတယ်။ ကာကွယ်ဆေး မထိုးရသေးမီ ကာလအတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး COVID အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ သတိရှိပါ၊ သည်းခံကြပါ၊ အနာဂတ်ကို ရှေးရှုပြီး အားတင်းထားကြပါ။ အားလုံး အတူရှိနေကြပါတယ်။
(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁-၁-၂၀၂၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


