ကျုံပျော်၊ ၂၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျုံပျော်မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၂၄ ရက်နေ့က ကျုံပျော်မြို့နယ်ရှိ အထက်ဒါးကအင်းချောင်းတစ်လျှောက် ငါးရှာဖွေဖမ်းဆီးမှုအပေါ်သတ်မှတ် ကိရိယာများဖြင့် ရှာဖွေဖမ်းဆီးမှုရှိစေရေး၊ တရားမဝင်ငါးဖဖမ်းဆီးမှုများ မရှိစေရေးတို့အတွက် ကွင်းဆင်းသွား ရောက်ပြီး ရေလုပ်သားများအား ငါးသယံဇာတထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
MDN


