ဘားအံ ၁၃ နိုဝင်ဘာ 
  
နည်းပညာကို အသုံးပြု၍ ထူးခြားဖြစ်စဉ် သတင်းများ ၊ဒေသအတွင်း  သတင်း အချက်အလက်များကို အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန်  ပေးပို့နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး မိမိတို့ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲမှရရှိသည့်  နည်းပညာများဖြင့် မိမိတို့ ဒေသ ပြန်ရောက်သည့်အခါ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သဖြင့် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် သတင်းလွှင့်တင်မှုဆိုင်ရာ နည်းပညာများ၊ Google Drive အသုံးပြုနည်းများကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်၊ မြို့ရုံးများရှိ ဝန်ထမ်း၂၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


(ပြန်/ဆက်)