နေပြည်တော် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားသို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား) ဦးအေးမြင့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ သတင်းအချက်အလက်နည်းပညာ တကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောကချပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား) ဦးအေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး သတင်းအချက်အလက်နည်း ပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်မြတ်ထွေး (စီမံ/ဘဏ္ဍာ)၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်မို့မို့ထွန်း(သင်ကြား/ သုတေသန)တို့က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ယင်းနောက် ကွန်ပျူတာစနစ်နှင့် နည်းပညာမဟာဌာန၊ သုတသိပ္ပံမဟာဌာန၊ ကွန်ပျူ တာသိပ္ပံ မဟာဌာန၊ တွက်ချက်ရေးမဟာဌာန၊ သဘာဝသိပ္ပံဌာန(ရူပဗေဒ)၊ ဘာသာစကား ဌာန(မြန်မာစာ)၊ ဘာသာစကားဌာန(အင်္ဂလိပ်စာ)၊ သတင်းအချက်အလက်နည်းပညာ ထောက်ပံ့ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဌာနတို့မှ ပါမောက္ခ/ဌာနမှူးများက သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကို မိတ်ဆက်စကား ပြောကြားပြီး ဌာနကြီးမှူး၊ ကျောင်းသားရေးရာ ဌာနမှ သင်တန်းရေးရာဆိုင်ရာများ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို တင်ပြဆွေးနွေးညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘွဲ့ကြို (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူ ၂၀၅ ဦး တက်ရောက်ခွင့်ရရှိခဲ့ပြီး ယနေ့ထိ ၁၆၇ ဦး ကျောင်းအပ်နှံထား၍ ကျောင်းအပ်နှံရေး ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သည် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိသည့် နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး၍ ပညာရေးနှင့် သုတေသနပိုင်းဆိုင်ရာ အခန်းကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို ပြည်တွင်း၊ ပြည်ပရှိ အိုင်တီကုမ္ပဏီများသို့ လုပ်ငန်းခွင်ဝင် သင်တန်းများ နှစ်စဉ်စေလွှတ် နိုင်ပြီး ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူအားလုံးနီးပါး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိကြကြောင်း သိရသည်။
သတင်းစဉ်