ရန်ကုန် မေ ၁၈

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စီစဉ်ဖွင့်လှစ်သော သတင်းမီဒီယာ သင်တန်း အမှတ်စဉ်(၇) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ(၂)က သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် သတင်းမီဒီယာ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကာ သင်တန်းမှူးက သင်ကြားမည့် ဘာသာရပ်များ၊ သင်တန်းသား တက်ရောက်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၂ ရက်အထိဖြစ်သည်။

 

သင်တန်းတွင် မီဒီယာနားလည် တတ်ကျွမ်းမှု၊ မီဒီယာနှင့် သတင်း သမားကောင်း၊ မီဒီယာနှင့် နိုင်ငံတကာ၊ သတင်းဘာသာပြန်၊ ဒီဂျစ်တယ်နားလည် တတ်ကျွမ်းမှု၊ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်  သတင်း မီဒီယာဥပဒေ၊ မီဒီယာနှင့် မြန်မာ့ ပုံရိပ်၊ မီဒီယာနှင့် လူ့အခွင့်အရေး ဘာသာရပ်များကို ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)