မန္တလေး   ၉    အောက်တိုဘာ

 

 

Smile Myanmar အဖွဲ့မှ ကြီးမှူး၍ သတင်းနှင့် ကောလဟာလများကို ခွဲခြားနားလည်နိုင်ရန် အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇×၃၈လမ်းကြား၊ ၇၈ လမ်းရှိ ဟိုတယ်မန္တလေးတွင် အောက်တိုဘာလ ၈ ရက်နေ့  မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ Smile Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးဝင်း က ငြိမ်းချမ်းသော အမှန်တရား စီမံချက်အကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် Smile Myanmar မှ နည်းပြ ဦးမင်းမင်းလတ်က ဦးဆောင်၍ သတင်းအမှားဆိုတာ ဘာလဲ၊ သတင်းအမှားများကို ကိုင်တွယ် ဖြေရှင်းမှု၊ သတင်းအမှားနှင့် မီဒီယာ၊ နည်းပညာအသစ်များ၊ လိမ်ညာမှု၊ ကောလာဟလနှင့် ဝါဒဖြန့်ချီမှု၊ လုပ်ကြံသတင်း/ သတင်းမှားများကို နားလည်ခြင်း၊ သတင်းအတုများကို စုံစမ်း ဖော်ထုတ်ခြင်း၊ ကြားနေမှုနှင့် သမာသမတ်ကျမှု၊ ဘေးကင်းလုံခြုံမှု စသည့် အကြောင်းအရာများကို တက်ရောက်လာကြသူများနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ Smile Myanmar မှ တာဝန်ရှိသူများ၊ Peaceful Truth မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာသမားများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အောင်စံမောင်