သတင်းသမားများဘေးကင်းလုံခြုံရေးဆိုင်ရာသင်တန်းပခုက္က၌ဖွင့်လှစ်

ပခုက္ကူ ၁၅ မတ်     

    
မြန်မာဂျာနယ်လစ်ကွန်ရက်နှင့် မြေလတ်ဂျာနယ်ကွန်ရက်တို့ ပူးပေါင်းဖွင့်လှစ်သည့် သတင်းသမားများဘေးကင်း လုံခြုံရေးဆိုင်ရာ သင်တန်းကို မတ် ၁၅ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့ တော်ဝင်နန်းဟိုတယ်ခန်းမ၌ ကျင်းပသည်။
    

အဆိုပါသင်တန်းကို IMS အဖွဲ့၏ အကူအညီဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ကျော်နှင့် ဦးဇေယျာလှိုင်တို့က သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် ကျင့်ဝတ်များဆွေးနွေးသွားမည်ဖြစ်ပါသည်။
    

သင်တန်းသို့ မြေလတ်ဂျာနယ်လစ်ကွန်ရက်အဖွဲ့ဝင်များဖြစ်သည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ သတင်းထောက်များ၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့မှ ဒေသခံသတင်းထောက်များ တက်ရောက်ကြပြီး မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ကိုဇော်(ဓါတု)