၈ မတ်
7th Sense Flim Production မှစီစဉ်၍ ဇာတ်လမ်း ဝင်းလွင်ထက် ဇာတ်ညွှန်း နေဟိန်းမှ ရေးသားပြီး ဒါရိုက်တာ ဝင်းလွင်ထက်၊ တွဲဖက်ဒါရိုက်တာ နေဟိန်းတို့ ရိုက်ကူးထားသည့် " Box No.88" ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီ ရိုက်ကူးသွားမည်ဟု သိရသည်။
"ဒီကားထဲမှာ ကျွန်တော်က သတင်းထောက်တစ်ယောက်ရဲ့ ကာရိုက်တာကို လုပ်ရမှာပါ သတင်းထောက်တွေရဲ့ ပြောပုံ၊ ဆိုပုံလေးတွေတော့ သေချာလေ့လာရတာပေါ့နော်၊ သတင်းထောက်ဘဝကနေ အယ်ဒီတာတစ်ဦးဖြစ်သွားပြီး၊ မိသားစုဘဝ အခက်အခဲအကျပ်တည်းလေးကို ပညာပေးအနေနဲ့ရိုက်တာ၊ ပြင်ဆင်မှုပိုင်းအနေနဲ့ကတော့ ဇာတ်ညွှန်းကို အကြိမ်ကြိမ်ဖတ်ပြီးတော့ ဘယ်လိုသရုပ်ဆောင်ရမလဲပြင်ဆင်တယ်၊ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဒီကားလေးရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဆိုတော့ အချိန်လုံလုံလောက်လောက် ရှိခဲ့ပါတယ် " ဟု အကယ်ဒမီ နေတိုးက ပြောသည်။
အဆိုပါ ဇာတ်ကားကြီးတွင် အကယ်ဒမီနေတိုး၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ကာရာဗီ၊ ရွှေရင်အေး၊ မျိုးသက်ပိုင်နှင့် ကလေးသရုပ်ဆောင် အိန်ဂျယ်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည် သရုပ်ဆောင် မိုးမိုးနှင့် jenny တို့မှ အားဖြည့်ကူညီပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။
"Box No.88" မိသားစု ဘဝအခက်အခဲ အကျပ်အတည်း ဘဝပုံဖော် ရိုက်ကူးထားသည့် မိသားစု ဒရာမာဇာတ်ကားကြီးကို ရန်ကုန်၊ အောင်ပန်းနှင့် ဘန်ကောက်တွင် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း