သတင်းတု၊ သတင်းမှား အတွက် မဟာသီဟာကို စစ်ဆေးနေ

၃ မေ

အတိုက်ခံခေါင်းဆောင်လည်းဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ အသက် ၉၂ နှစ်အရွယ် မဟာသီဟာကို သတင်းတုသတင်းမှား ထုတ်လွှင့်မှုဖြင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့က သူ့လျာထားမဲဆန္ဒနယ်ဖြစ်တဲ့ လန်ကာဝီကျွန်းကို မှတ်ပုံတင်ဖို့တွက် အသွားမှာ သူစီးမယ့် လေယာဉ်ဟာ အကြောင်းအရာ တစ်စုံတစ်ခုပြပြီး ခရီးစဉ်ဖျက်သိမ်းတာမျိုး လုပ်ခဲ့တယ်လို့ စွပ်စွဲတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

မလေးရှား လေကြောင်းလိုင်းက တာဝန်ရှိသူကတော့ အဲဒီလေယာဉ်မှာ စက်ချို့ယွင်းမှု ရှိလို့သာဖြစ်ပြီး သူစွပ်စွဲသလိုမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

မဟာသီဟာက သူသွားချင်တဲ့ လန်ကာဝီကျွန်းကို တခြားလေယာဉ်တစ်စီးနဲ့ ရောက်အောင်သွားနိုင်ခဲ့ပါတယ်။

မဟာသီဟာ ဟာ ဥပဒေသစ်အောက်မှာ သတင်းမှား ပျံ့နှံ့အောင်လုပ်တဲ့အတွက် စုံစမ်းစစ်ဆေးတာပါလို့ ကွာလာလမ်ပူ ရဲတွေက ပြောထားပြီး ဝေဖန်ရေးသမားတွေကတော့ အဲဒီဥပဒေသစ်ဟာ အငြင်းပွားဖွယ် ဖြစ်နေတယ်။ ဒီဥပဒေဟာ မဲပေးမယ့်ရက် မတိုင်ခင်အထိ အတိုက်အခံတွေကို ဖြိုခွဲဖို့ ရည်ရွယ်ထားတာလို့ ပြောနေပါတယ်။

လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဟာ ရန်ပုံငွေထဲကနေ အမေရိကန် ဒေါ်လာ ဘီလီယမ်နဲ့ချီတဲ့ ငွေတွေကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲချက်တွေလည်း ရှိနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့ မေလ ၉ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

MDN.

ကိုးကား-AFP