သုဝဏ္ဏဝတီမြို့ ၄ ဖေဖော်ဝါရီ

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အ.ထ.က(သိမ်ဆိပ်) ဘက်စုံအားကစားခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက ကျောင်းသား ကျောင်းသူ ကလေးငယ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။ 

အဆိုပါ အသိပညာပေးဟောပြောရာတွင် သထုံခရိုင် ယာဉ်ထိမ်းတပ်ဖွဲ့စုမူးရုံး အမှတ်(၇၈)တပ်ဖွဲ့မှ ရဲအုပ်ဝင်းယုထွေး၊ တပ်ကြပ်ကြီးထွန်းလင်းအောင်၊ တပ်ကြပ်စိန်ဝင်းတို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေး အကြောင်းအရာများအား သရုပ်ပြဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီသီဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများက တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။ 

ခွန်(ဝင်းပ)