သုဝဏ္ဏဝတီ၊ ၁၇ ဒီဇင်ဘာ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အထက(သိမ်ဆိပ်) အားကစားရုံတွင် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီမှ စတင်၍ သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာန၏  ကြီးကြပ်မှုဖြင့် စေတနာ လူမူကူညီရေး အသင်း(အခမဲ့) သိမ်ဆိပ်က ဦးဆောင်ပြီး စေတနာရှင်ပြည်သူများ၏ လှူဒါန်းမူများနှင့်အတူ သိမ်ဆိပ် ကျန်းမာရေးဌာန ဝန်ထမ်းများက အသည်းရောင်(ဘီ)ရောဂါ ကာကွယ်ဆေးကို သွေးလှူရှင် ပြည်သူများအား အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

စေတနာ လူမူကူညီရေးအသင်း(အခမဲ့) မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်ထိုက်က အသည်းရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးရခြင်းနဲ့ ပတ်သက်၍  သွေးလှူရှင်များ သွေးလှူဒါန်းရာတွင် သွေးအတွင်း ရောဂါပိုးများ ကင်းရှင်းစေရန် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ကာကွယ်ဆေး ၃ကြိမ် ထိုးပြီးသူများအား သက်တမ်းတိုးဆေး ထိုးပေးရခြင်းဖြစ်ကြောင်း ပြောသည်။

 

သုဝဏ္ဏဝတီမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ သွေးလှူရှင်ပြည်သူများ သွေးလှူဒါန်းရာတွင် စေတနာရှင် အလှူရှင်များ ရောဂါပိုးများ ကင်းရှင်းစေရန် နှင့် ကာကွယ်ဆေး ၃ကြိမ် ထိုးနှံပြီးခဲ့သူ ပြည်သူပေါင်း ၄၂၀ အား ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ခွန်(ဝင်းပ)

 

mdn