နေပြည်တော်   ဒီဇင်ဘာ   ၂၄

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်အနီး လမ်းလုပ်ငန်းများ၊ ရေမြောင်းများ ဆောင်ရွက်နေမှုနှင့် သုခတော်ဝင်အိမ်ရာစီမံကိန်း တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်အနီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်နေသည့် လမ်းလုပ်ငန်းနှင့် Box Culvert များ စနစ်တကျဆောင်ရွက်ကြရန်နှင့် ရေစီးရေလာ ကောင်းမွန်စေ ရေးအတွက် ရေမြောင်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား - တောင်ညိုလမ်းဘေး (မြို့မဈေးအနီး)ရှိ သုခတော်ဝင်အိမ်ရာသို့ သွားရောက်ကာ Food Shop ဆိုင်ခန်း တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး  အိမ်ရာတိုက်ခန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ရေပေးရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

MDN