သုံးဘီးဆိုင်ကယ်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံး

မြို့သစ် ၂၈ မေ


မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တလုပ်ပင်ကျေးရွအုပ်စု၊ ကံကြီးကျေးရွာအနီးတွင် သုံးဘီး ဆိုင်ကယ် တိမ်းမှောက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း မြို့သစ်ရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာမြို့သစ်မြို့နယ် တလုပ်ပင်ကျေးရွာနေ ကိုသန်းဇော်သည် ၁၀ဟ/___JRC အမျိုးအစား အပြာရောင် သုံးဘီးယာဉ်အား ယာဉ်မောင်းထိုင်ခုံ၏ ယာဘက်ခုံတွင် ဇနီးဖြစ်သူ မအေးမျိုးလတ်၊ ယာဉ်၏နောက်တွင် ခရီးသည်တစ်ဦးတင်ဆောင်၍ နတ်မောက်ဘက်မှ မြို့သစ်ဘက်သို့ မောင်းနှင်လာပြီး တလုပ်ပင်ကျေးရွာအုပ်စု ကံကြီးကျေးရွာအနီး မြို့သစ်နတ်မောက်ကားလမ်းမိုင်တိုင် အမှတ်(၁၈/၃)အရောက်တွင် သုံးဘီးဆိုင်ကယ်ယာဉ်နောက်မှ ခရီးသည်ဆင်းမည်ပြောသဖြင့် သုံးဘီးဆိုင်ကယ်အားရပ်ပေးပြီး ခရီးသည်ထံသို့ ဆင်းသွားကာ ယာဉ်စီးခတောင်းနေစဉ် သုံးဘီးဆိုင်ကယ်မှာ လမ်းဘေးမြေနိမ့်သို့ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းခုံ၏ ယာဘက်တွင် စီးနင်းလိုက်ပါလာသည့် ယာဉ်မောင်းသန်းဇော်၏ဇနီးဖြစ်သူ မအေးမျိုးလတ်မှာ သုံးဘီးဆိုင်ကယ်ပိမိ၍ ဒဏ်ရာများရရှိသဖြင့် မကွေးဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းဇော်အား မြို့သစ်မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သန်းဝင်းထွန်း (ပြန်/ဆက်)