သုံးဘီးယာဉ်ကို လိုက်ထရပ်ယာဉ်က ဝင်တိုက်မိရာ သုံးဘီးယာဉ်မောင်းနှင့် ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိ

ပေါင်  ၂၀   မေ 

 

သထုံခရိုင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် မောင်းနှင်လာသော သုံးဘီးယာဉ် အား LIGHT TRUCK ယာဉ်မှ ဝင်တိုက်မိရာ သုံးဘီးယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူ ဦးဇင်းတစ်ပါးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် မေ ၂၀ ရက် နံနက်ပိုင်းက ပေါင်မြို့ဘက်မှ မုတ္တမဘက်သို့ ယာဉ်မောင်း မျိုးသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးဇင်းတစ်ပါးလိုက်ပါ စီးနင်းလာသော သုံးဘီးဆိုင်ကယ်ယာဉ်ကို လားရာတူနောက်မှ ယာဉ်မောင်း နိုင်မြင့်စိုး မောင်းနှင်လာသော LIGHT TRUCK အဖြူရောင်ယာဉ်သည် သုံးဘီးဆိုင်ကယ်၏ အနောက်တည့်တည့် ဝင်ရောက် တိုက်မိခဲ့သဖြင့် သုံးဘီးဆိုင်ကယ်မှာ ကားလမ်းဘေးရှိ ဓါတ်မီးတိုင်အား ထပ်မံဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးသူမှာ နာကျင်ထိခိုက်ဒဏ်ရာရရှိကာ (မစိုးရိမ်ရ)၊ ဦးဇင်းတစ်ပါးမှာ နဖူးပေါက်ပြဲဒဏ်ရာ(အတွင်းလူနာ-စိုးရိမ်ရ)များရရှိခဲ့သဖြင့် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ရာမှ သုံးဘီးဆိုင်ကယ်အားဝင်တိုက်မိဒဏ်ရာရရှိအောင် ပြုလုပ်သူ ယာဉ်မောင်း နိုင်စိုးမြင့်အား အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

ကိုဟိန်း( ပေါင် )