သုံးခွ ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် အခြေခံကျန်းမာရေး မကောင်းသဖြင့် အောက်စီဂျင်အသုံးပြုရန် လိုအပ်နေသူများ အသုံးပြုနိုင်ရန် လီတာ ၅၀ ဝင် အောက်စီဂျင်ဓာတ်ငွေ့ပါ အိုးအသစ် ၁၀ လုံးကို သုံးခွမြို့ ပြည်သူ့ဆေးရုံသို့ ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီက လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း) ဒေါ်ခင်မြဦး မိသားစုကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန့်ဇော်လင်းတို့က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်ဝင်းသန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ကိုကျော်(သုံးခွ)