သုံးခွ ၁၉  ဇူလိုင် 


ယ‌နေ့ နံနက်ပိုင်းက ရန်ကုန်‌‌တောင်ပိုင်‌းခရိုင် သုံးခွမြို့နယ်‌ ‌မှော်ဝန်‌းမာလာပန်‌းခြံ၌  (၇၂) နှစ်‌‌မြောက် အာဇာနည်‌‌နေ့ အခမ်‌းအနားကို ကျင်‌းပရာ တိုင်‌း‌ဒေသကြီးလွှတ်‌‌တော်ကိုယ်စားလှယ်များ၊ သုံးခွမြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဦးဟန်ဖြိုး‌ဇော်၊ နိုင်ငံ‌ရေးပါတီအင်အားစုများ၊ လူမှု‌ရေးအသင်‌းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်‌းများ၊ ဆရာ/ဆရာမများ၊ ကျောင်‌းသား/သူများ၊ ပြည်သူများက ဗိုလ်ချုပ်‌‌အောင်ဆန်‌းနှင်‌့တကွ အာဇာနည်‌‌ခေါင်‌း‌ဆောင်ကြီးများအား လွမ်‌းသူ့ပန်‌း‌ခွေချ၍ ဂုဏ်‌ပြုတပ်ဖွဲ့နှင်‌့အတူ ပြည်‌‌ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော်အလံအား အ‌လေးပြုခြင်‌း၊ ဗိုလ်ချုပ်‌‌အောင်ဆန်‌း နှင်‌့တကွ အာဇာနည်‌‌‌ခေါင်‌း‌ဆောင်ကြီးများအား ‌မေတ္တာပို့အမျှ‌ဝေရန် နှစ်မိနစ်ငြိမ်သက်‌ခြင်‌းများကို ‌ဆောင်ရွက်ကြ‌ကြောင်‌း သိရသည်။

 

1

 


ဆက်လက်၍ ၂၀၁၉ ခုနှစ် (၇၂) နှစ်‌‌မြောက် အာဇာနည်‌‌နေ့ အထိမ်‌းအမှတ် အခမ်‌းအနားနှင်‌့ စာစီစာကုံး၊ ပန်‌းချီ၊ ပိုစတာ၊ ကာတွန်‌း၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင်‌့ပွဲကို သုံးခွမြို့နယ် အ‌ထွေ‌ထွေ အုပ်ချုပ်‌‌ရေးဦးစီးဌာန အစည်‌းအ‌ဝေးခန်‌းမ၌ ‌နေ့လည် ၁၁ နာရီက ကျင်‌းပရာ တိုင်‌း‌ဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) လွှတ်‌‌တော်ကိုယ်စားလှယ် ဦးမျိုး‌ဆွှေက အဖွင်‌့အမှာစကား ပြောကြားပြီး ၂၀၁၉ ခုနှစ် (၇၂) နှစ်‌‌မြောက် အာဇာနည်‌‌နေ့ အထိမ်‌းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်‌းချီ၊ ပိုစတာ ကာတွန်‌းပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင်‌့‌ပေးအပ်ခဲ့ကြ‌ကြောင်‌း သိရသည်။


အခမ်‌းအနားပြီး‌နောက် မြို့နယ်အားကစားခန်‌းမ၌ သုံးခွမြို့နယ်‌ ပြန်ကြား‌ရေးနှင်‌့ ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်‌းကျင်‌းပြသထား‌သော အာဇာနည်‌‌နေ့ အထိမ်‌းအမှတ် ဓာတ်ပုံပြခန်‌းအား လွှတ်‌‌တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျောင်‌းသား/သူများနှင်‌့ပြည်သူများက စိတ်ပါဝင်စားစွာ လှည်‌့လည်ကြည်‌့ရူ့အား‌ပေးခဲ့‌ကြောင်‌း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN