သုံးခွ ၇ ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် သုံးခွမြို့ သုခိတာ လူမှုကူညီ ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၁၈-၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သုခိတာ လူမှုရေးအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ သင်တန်းကို ဒေသနေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၀ အား ဇန်နဝါရီ ၇ ရက်မှ ၁၅ ရက်အထိ ကိုးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သုံးခွ ပြန်/ဆက်)

 

mdn