ရန်ကုန်  ၁  စက်တင်ဘာ 

စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပသည့် စားသုံးဆီသုံးစွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မျိုးမြေပဲပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ မဟာအတုလဝေယံသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း နှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုတို့က ခရမ်း၊ သုံးခွ မြို့နယ်များမှ တောင်သူများအား မျိုးမြေပဲများ ပေးအပ်လှူဒါန်းကြပြီး အသင်းဥက္ကဋ္ဌ ဦးမြင့်ကြူက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လှူဒါန်းသည့် မျိုးမြေပဲအတွက် အလှူငွေကျပ်သိန်း(၅၀)ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီသုံးစွဲမှုဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး မှူးဦးကျော်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဟောပြောဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)