သုံးခွ ၄ ဧပြီ
ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန်အတွက် အသုံးပြုနိုင်ရန် PPE ဝတ်စုံနှင့် သာမိုမီတာစက်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သုံးခွမြို့နယ် ပြည်သူ့ဆေးရုံးအစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့လှူဒါန်းရာတွင် သံလျှင်တပ်နယ် မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ ၅ စုံ၊ သာမိုမီတာ အပူချိန်တိုင်း ကိရိယာစက် ၃ ခု၊ စုစုပေါင်း ၄၅၀ဝ၀ဝ ကျပ် တန်ဖိုးရှိ ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းသန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်


