ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာအုပ်စု စီကြီးကုန်းကျေးရွာ ဓမ္မာရုံ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဟောပြောပွဲတွင် သုံးခွမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကိုကိုခိုင်က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ဇီဝလုံခြုံမှုနှင့် လုပ်ဆောင်ရမည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ မွေးမြူရေးလုပ်ကိုင်သူများ တက်ရောက်ကြပြီး သိရှိလိုသည့် မေးမြန်းမှုများကို မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကိုကိုခိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ မွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


