သုံးခွ ၂၇ ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ မြို့နယ်ခန်းမဆောင်ကြီးတွင် ဇန်နဝါရီ ၂၇ နံနက် ၉ နာရီက အမျိုးသမီးဆိုင်ရာ ဥပဒေအကြောင်းအရာများ အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက အမှာစကားပြောကြားပြီး (Triangle) အမျိုးသမီးအဖွဲ့ ဒေါ်သီတာတင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျရေးအတွက် ဥပဒေအကြောင်းကိုလည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါဖြိုးဝေကြိုင်က အမျိုးသမီးများ၏ လုံခြုံမှုဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း ဟောပြောခဲ့သည်။

 

ဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် ဆရာ/ဆရာမများ၊ NLD အမျိုးသမီး လုပ်ငန်းကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ အမျိုးသမီးများ စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN