သုံးခွ ၂၁ အောက်တို့ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်းပြည်သူများ စား၀တ်နေရေး ဆင်ပြေစေရန်အတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ "တစ်ရက် နှစ်နပ်စာ" အစီအစဉ်မှ  အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ စား၀တ်နေရေး အခက်အခဲကြုံနေသည့် မိသားစု၀င်များအား အလှူရှင်များ၏ စုပေါင်းဒါန ဖြင့် စားသောက်ကုန်များအားယနေ့အထိ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာမှယနေ့တွင် သုံးခွမြိုနယ်၊ အောင်ပန်းစိန်ကျေးရွာမှ ဦးဌေးလွင်+ဒေါ်မြင့်စိန် မိသားစုမှ အလှူငွေကျပ် ငါးသိန်း၊ မရွှန်းလဲ့ရွှေရည်၊ မမှူးသက်ချယ်(ရွှေရောင်ချယ် အလှပြုပြင်ရေး) (၁၁)ရပ်ကွက်၊ ဆိပ်ကမ်းသာမှ ဆီ (၅၀)သား ဘူး(၁၀၀)၊ အာလူး (၇၅) ပိဿာတို့၏ အသီးသီးလှုဒါန်းမှုအား အမှတ် ၃ရပ်ကွက် ကျန်စစ်လမ်း နှင့်အောင်သပြေလမ်းတို့ ရှိမိသားစုဝင် (၉၀) နှင့် ပဒတ္ထိုင်းကျေးရွာမှ မိသားစုဝင် (၄၁)ဦး၊ နံယောကျေးရွာမှ မိသားစုဝင်(၃၅)ဦး အတွက် အိမ်ထောင်စုတစ်စုလျှင်ဆန် (၄)ပြည်၊ ကြက်သွန်နီ (၁)ပိဿာ၊ အာလူး(၁)ပိဿာ၊ ဆီ (၅၀)သား (၁)ဘူးတို့အား လှုဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့လှူဒါန်းခြင်းသည် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ "တစ်ရက် နှစ်နပ်စာ" အစီအစဉ်ဖြင့် ယနေ့အချိန်ထိ ရပ်ကွက်/ကျေးရွာ အိမ်ထောင်စုပေါင်း ၇၀၀ ကျော်အား လှူဒါန်းပေးပြီးဖြစ်ရာ ဆက်လက်၍လည်း လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူလင်း ပြန်/ဆက်

 

mdn