သုံးခွ ၂၄  ဒီဇင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၁၉ ခုနှစ် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သုံးခွမြို့နယ် ပညာရေးမှူးဖလား U-10 အခြေခံပညာ ကျောင်းပေါင်းစုံ သုံးခွမြို့နယ် ပညာရေးမှူးဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘုရင့်နောင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

96

 

ပြိုင်ပွဲတွင် ဒေါင့်ကြီးအသင်းနှင့် အုပ်စု (၅) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အုပ်စု (၅) အသင်းက၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ ထို့နောက် အနိုင်ရရှိခဲ့သော အုပ်စု (၅) အသင်းအား မြို့နယ်တခွန်စိုက် ဆုဖလားကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြပြီး ဆုတံဆိပ်များကို လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေနှင့် တာဝန်ရှိသူများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူလင်း ပြန်/ဆက်