သုံးခွ၊ ဇွန် ၂၃

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပျဉ်းမကန်ကျေးရွာတွင် ငှက်ဖျားပိုးတွေ့ရှိသူနှင့် ထိစပ်သူများအား သွေးဖောက်စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာ‌ ဇော်၀င်းသန်း၊ တိုင်းကျန်းမာဦးစီးဌာန ငှက်ဖျား‌‌ရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဦး၀င်းမောင်က ငှက်ဖျားပိုးတွေ့ရှိသူအား လိုအပ်‌သောဆေးဝါးများ‌ ပေးအပ်ခဲ့ပြီး ယင်းငှက်ဖျားပိုး‌ တွေ့ရှိသူနှင့်ထိစပ်သူများအား သွေးဖောက်စစ်ဆေးခဲ့ပြီး နေအိမ်များသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)