သုံးခွ  ၂၉  အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို  ယမန်နေ့နံနက် ၉ နာရီက  မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်ထုတ်ပေးလျက်ရှိသည်။

 

သုံးခွမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ (၇၆) အုပ်စုရှိ မဲရုံ (၁၇၅) ရုံအတွက် ကြိုတင် ဆန္ဒမဲ လက်မှတ်များ၊ မဲပုံးများ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ ဆန္ဒပြုခန်းများ၊ လုံခြုံရေးကြိုးများ၊ မဲရုံမှူး တံဆိပ်တုံးများ၊ စာရေးကိရိယာများ၊ စသည့်မဲရုံသုံးဆိုင်ရာ ပစ္စည်းများကို  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)