သုံးခွ နို၀င်ဘာ ၁

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားလာသည့်အတွက် ဇူလိုင်လတွင် စာသင်ကျောင်းများကို ခေတ္တယာယီပိတ်ထားခဲ့ရာ ယခုအခါ ကျောင်းသား/ကျောင်းသူများ ကျောင်းစတင်တက်ရောက် ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်‌ထားရှိ‌ပေးထားကြောင်း သိရသည်။

 

သုံးခွမြိုနယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၀)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊  မူလတန်းလွန် (၁၀)ကျောင်း၊ မူလတန်းကျောင်း (၉၇)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၁)ကျောင်း၊  ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်း စုစုပေါင်း (၁၅၂)ကျောင်းရှိကြောင်း သိရသည်။

 

   

စည်သူလင်း (ပြန်/ဆက်)